အများအကျိုး၊ ရွက်သယ်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့စကောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။
(ရွှေဟင်္သာဆရာတော်ဘုရားကြီး)
Sunday, December 18, 2011
လောကသာရပျို့
အသက်ရှည်စွာ၊ အနာမဲ့ကြောင်း
ကောင်းလှစီချင်၊ ပဲ့ပြင်နိစ္စ
ဆိုဆုံးမသား၊ မိဘဆရာ
စကားနာ၍၊ ကျမ်းစာသိမြင်
တတ်အောင်သင်လော့၊။
ပေါ်လွင်မပြု၊ ကောင်းရာတုလျှက်
ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်စီမင်း။
မိခင်ဖခင်၊ ကျေးဇူးသျှင်ကို
ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့
ရှိခိုးဦးတင၊် ကြည်လင်မြတ်လေး
လုပ်ကျွေးခယ၊ ရိုတုတ်ကွလျှက်
ကြီးလှသက်အ၊ို မျိုးဆွီကိုလည်း
ကြည်ညိုညွတ်တိမ်း၊ ပိုက်ထုပ်သိမ်း၍
မယိမ်းစင်းလျင်း ငြိမ်းစီမင်း။
ထုံးမှီးနည်းနာ၊ အဖြာဖြာ၌
ပညာရှာမှီး၊ မကြီးသက်ရွယ်
အငယ်သော်က၊ ကြိုးလုံ့လလျှက်
တုတ်ကွပုဆစ၊် ဆရာစစ်သို့
ကြောက်ချစ်ရိုသီ၊ စာပီတတ်ကြောင်း
တချောင်းချောင်းလျှင်၊ ငြိမ်အောင်းသည်းခံ
ဆရာ့ထံ၌၊ သင်အံမှတ်သိ
တနိတခြား၊ ပွားများစုံစီ
ဝမ်းထဲခွီ၍၊ တလီတထူး
ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသိမြင် ကြွယ်စီမင်း။
(ရခိုင်သူမြတ်)
သြော်..
လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား..
သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့မြေသည်၊ အခြေတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း၊ ပြောင်းလျက်ဝင်းလျက်
ကျန်ကောင်းသင့်၏။
( ဇော်ဂျီ )